Windows တက်လာရင် lock Screen နဲ့ log-in Screen ကို မကြိုက်တဲ့သူတွေ အောက်ကအတိုင်းကျော် လိုက်လို့ ရပါတယ်။
၁။
Search ကိုသွားပါ။ Search Box ထဲမှာ netplwiz ကိုရိုက်ရှာလိုက်ပါ။
အောက်ကအတိုင်းတက်လာပါတယ်။
၂။ အပေါ်မှာပြထားတဲ့
Users must enter a user name and
password to use this computer
ဆိုတဲ့
စာသားရှေ့က အမှန်ခြစ်လေးကို ဖြုတ်ခဲ့ ပြီး Apply
ကိုနှိပ်လိုက်ပါ။
၃။ အောက်ကအတိုင်း
Box တစ်ခုကျလာမှာပါ။ password ထည့်လိုက်ပြီး ok>>okပေးလိုက်ပါ။
စက်ကို Restart ချလိုက်ပါ။ ပြန်တက်လာရင် lock Screen နဲ့ log-in
Screen ကိုကျော်သွားပါ
လိမ့်မယ်။
၎။ lock Screen နဲ့ log-in
Screen ကို
Enable ပြန်လုပ်ချင်ရင်
Users must enter a user name and
password to use this computer ဆိုတဲ့
စာသားရှေ့ မှာအမှန်ခြစ်လေးပြန်ထည့်ပြီး Apply>> ok ပေး
လိုက်ပြီး
စက်ကို Restart ပြန်ချလိုက်ပါ။ နဂိုအတိုင်း ပြန်တက်လာမှာပါ။
အဆင်ပြေမှာပါ။
ကျေးဇူးတင်ပါတယ်။
No comments:
Post a Comment