Friday, May 31, 2013

မိမိကွန်ပျူတာမှာ APK ဖိုင်တွေရဲ့ icon ကိုမြင်ရစေဖို့


အခုတင်ပေးချင် တာက APK ဆိုတဲ့ Android software icon တွေကို ကွန်ပျူတာမှာဆို မမြင်ရပါဘူး
ဒါကြောင့်မို့ အခု ဒီဆော့ဝဲလေးကို ကွန်ပျူတာမှာ သွင်းလိုက်ရင် မြင်ရပီဗျာ။

  • အရင်ဆုံး ဒီဆောဝဲလေးကို အောက်မှာအရင် ဒေါင်းလိုက်ပါ
  • ဖိုင်ဆိုဒ်က- 7.96MB
  • နာမည်က muzhiwan ပါ

box
dev-host

ဒေါင်းပြီးရင် install လုပ်လိုက်ရုံနဲ့ မိမိကွန်ပျူတာမှာ APK file ရဲ့ icon လေးတွေ ပေါ်သွားမှာပါ။

စာလုံးတွေက ကုဒ်ပုံစံတွေဖြစ်နေတော့ install မလုပ်တတ်မှာစိုးလို့ ကျွန်တော် install လုပ်နည်းပါ ပုံလေးတွေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

  • အဲဒီ RAR ဖိုင်လေးကို ဖြည်လိုက်ပါ
  • exe ဖိုင်လေးရလာလိမ့်မယ်
  • အဲဒီဖိုင်လေးကို နှစ်ချက်နှိပ်လိုက်ရင် အောက်ကပုံလေးလို ပေါ်လာလိမ့်မယ်
  • အဲဒီအခါ ကျွန်တော် အနီနဲ့ ၀ိုင်းပြထားတဲ့ button လေးကို နှိပ်လိုက်ပါ (ဒါမှမဟုတ် keyboard က N ကိုနှိပ်လိုက်ပါ)


ပြီးရင် အလယ်က button ကိုနှိပ်ပါ


ပြီးရင် Yes ဆိုတာကိုနှိပ်လိုက်


အနီနဲ့ဝိုင်းပြထားတဲ့ အမှတ်ခြစ်လေးကို ဖြုတ်ပေးရပါမယ်
ပြီးတော့ အောက်မှာ အလယ်က button လေးကို နှိပ်လိုက်ပါ ဒါဆိုရင် ပြီးပြီ


သယ်ချင်းတို့ရဲ့ APK file တွေကို မြင်ရပါပြီ

No comments:

Post a Comment

Simple sharing widget