1. မိမိကွန်ပျူတာရဲ့ Date
/ Time / Year / Months ဟာ ယခုရောက်ရှိနေတဲ့ Date / Time / Year
တို့နှင့်တူညီမှုမရှိချင်းအထူးသဖြင့် Date / Year / Months
မှန်ကန်မှုမရှိခြင်းကြောင့်ဖြစ်ပါတယ်။ အဲဒီလို
မမှန်ကန်ဘူးဆိုရင် Gamil , Facebook , Gtalk စတဲ့ Website တွေဖွင့်မရဖြစ်ပြီး အထက်ပါ Error မျိုးကြုံ
တွေ့ကြရပါတယ်..ဖြေရှင်းနည်းကတော့ လွယ်ပါတယ်..မိမိကွန်ပျူတာရဲ့ Date / Time / Months / Years
ကိုမှန်ကန်အောင်ပြန်ပြီး ညှိလိုက်ပါ..ဒါဆိုရင်အဆင်ပြေသွားပါပြီ
2. ဒုတိယတစ်ချက်ကတော့ ကွန်ပျူတာရဲ့ CMOS Battery အားနည်းနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်..
ဒီလိုအားနည်းနေပြီဆိုရင် အထက်ပါ Date / Time / Months /Years တို့ကို မှန်ကန်အောင်ပြန်လည်ချိန်
ညှိထားသော်လည်း..များမကြာမှီအချိန်အတွင်းမှာ အမှားတွေ ပြန်ဖြစ်ကုန်ပါတယ်...အဓိက လက်သည်
ကတော့ CMOS Battery ကြောင့်ပါ..ဒါကြောင့် Battery ကိုလဲလိုက်ပါ..လေးငါးရာ တစ်ထောင်လောက်ပဲရှိ
ပါတယ်။
3.နောက်ဆုံး ဖြစ်ရတဲ့အချက်ကတော့ မိမိဖွင့်လိုက်တဲ့ Website Address ရဲ့လိပ်စာဟာ မှန်ကန်မှုမရှိခြင်း သို့
မဟုတ် မူရင်း Host ရဲ့ HTTP Services မှားယွင်းနေခြင်းကြောင့်ဖြစ်ပါတယ်..ဒီနောက်ဆုံးအချက်ကတော့ အလွန်ဖြစ်ခဲပါတယ်။ကဲ....ဖြေရှင်းနည်းလေးတော့တင်ပေးပြီးသွားပါပြီ..အဆင်ပြေပါစေလို့
ဆုတောင်းပေးလိုက်ရပါတယ်ခင်မျာ....

CMOS Battery လဲလှယ်တပ်ဆင်ပုံ

No comments:
Post a Comment