
ဖုန်းတွင် လုပ်ဆောင်ရန်
(၁) Menu ကို သွားပါ။ Setting မှ တစ်ဆင့် Connectivity ကို သွားပါ။
(၂) USB Data Cable ကို ဖွင့်ပြီး Nokia Ovi Suite ကို ရွေးချယ်ပါ။
ကွန်ပျူတာတွင် လုပ်ဆောင်ရန်
(၁) Nokia Ovi Suite ဆော့ဝဲလ်ကို အင်စတောလုပ်ပါ။
(၂) ဖုန်းကို USB နဲ့ ချိတ်ဆက်ပါ။
(၃) အင်စတောလုပ်ပြီးပါက Nokia Ovi Suite ကို ဖွင့်လိုက်ပါ။
(၄) Tool တွင် Content to Internet ကို ရွေးလိုက်ပါ။ APN နှင့် Name တွင် mptnet ကို ဖြည့်ပါ။
(၅) ဖုန်းနှင့် ချိတ်ဆက်နေပါလိမ့်မည်။ ဖုန်းတွင်လည်း E စာလုံးတွင် ကွင်းလေးဝိုင်းနေပါလိမ့်မည်။
(၆) Mozilla Firefox တွင် Tool မှ Option ကို ဖွင့်။ Option Box တွင် Advanced မှ Network မှ Setting တွင် Auto dectect Proxy ကို ရွေးချယ်ပြီး Ok လုပ်ပါ။
Setting အား လုံး ပြုလုပ်ပြီးသောအခါ Google ဆိုသည့် စာမျက်နှာကြီးမှာ ဗွင်းဗွင်းကြီး ပေါ်လာလေတော့သည်။ ကဲ မောင်သိန်းဝင်း . . . မောင်ရင် လိုချင်တဲ့ အင်တာနက်ဆိုတာကြီး ပေါ်လာပြီးဆိုတော့ ကျေနပ်ပြီး မဟုတ်လား။
ဟား ဟား ကျေနပ်တယ်၊.... ကျေနပ်တယ် .. . ကိုစေတနာရေ ကျေးဇူးဗျာ။ ကိုစေတနာက ဒီလိုမျိုးတွေပါ လုပ်တတ်လိမ့်မယ်လို့မထင်ခဲ့ဘူး။ ဟ ဟား ကျေးဇူးပဲဗျာ။ လာဗျာ Go to the Tea shop ။
အိမ်း ဖြစ်ရမယ်. . . တိုက်သူ ပြုစုသူ ရှိတော့လည်း လက်ခံရမှာပေါ့ ဟု ဆိုကာ နီးရာ လဘ္ကရည်ဆိုင်သို့ ထွက်ခဲ့လေတော့သည်။
No comments:
Post a Comment