Pages

Sunday, April 28, 2013

Folder Lock (without using software)

အခု ကျနော်တို့ လုပ်ကြည့်မယ့် နည်းလေးကတော့ Folder တွေကို Lock လုပ်တဲ့ နည်းလေးပါ။ ဘာ software မှ သုံးစရာ မလိုဘဲနဲ့ လုပ်ကြည့်လို့ ရပါတယ်။ သူများမကြည့်စေချင်တဲ့ ဖိုင်တွေကို Lock ချထားတဲ့သဘောပါ။ သိပြီးသား ဖြစ်နေရင်.. မသိသေးတဲ့ သူများအတွက်ပဲ ရည်ရွယ်တာလို့ပဲ သဘောထားလိုက်ကြပေါ့ဗျာ။

ပထမဆုံး အနေနဲ့ Code တွေ ရေးထားတဲ့ ဖိုင်လေးလိုပါမယ်။ ပြီးတော့ notepad လိုပါမယ်။ ဒါဆို ရပါပြီ။
၁။ Code ကို ဒီမှာ ကြည့်ပါ။
၂။ ပြီးရင် notepad ထဲမှာ code တွေကို copy ကူးထည့်လိုက်ပါ။
၃။ ပြီးရင် type your password here ဆိုတဲ့ စာသားလေးနေရာမှာ ကိုယ်ကြိုက်တဲ့ Password ပေးပါ။ အဲဒါက Folder ကို Unlock ပြန်လုပ်ရင် သုံးရမယ့် password ဖြစ်ပါတယ်။
၎။ password ထည့်ပြီးပြီဆိုရင် အဲဒါကို Save ပေးရပါမယ်။ Locker.bat ဆိုပြီး တစ်နေရာရာမှာ Save ပေးလိုက်ပါ။
၅။ ပြီးရင် အဲဒီ bat ဖိုင်လေးကို double click နဲ့ Run ပေးလိုက်ပါ။ အဲဒီ bat ဖိုင် ထားတဲ့ နေရာမှာ Locker ဆိုတဲ့ Folder လေးတစ်ခု ရောက်လာပါလိမ့်မယ်။
၆။ အဲဒီ Locker ဆိုတဲ့ Folder ထဲကို ကိုယ် Lock လုပ်ချင်တဲ့ ဖိုင်တွေအားလုံး ထည့်ထားလိုက်ပါ။ ပြီးရင် bat ဖိုင်လေးကို ပြန် Run ပေးလိုက်ပါ။ အဲဒီအခါမှာ အောက်က ပုံလေး တက်လာပါလိမ့်မယ်။ Folder ကို lock လုပ်မှာလားလို့ ထပ်မေးပါတယ်။ Yes (or) No မေးပါမယ်။ လုပ်မှာဆိုရင်တော့ yes (Y) လို ရိုက်ပြီး Enter ပေးလိုက်ပါ။ ဒါဆို အဲဒီ Folder လေး ပျောက်သွားပါလိမ့်မယ်။

၇။ ပြန်ပြီး ဖော်ချင်တယ်.. Unlock လုပ်ချင်တယ်ဆိုရင်တော့ bat ဖိုင်လေးကို Run ပေးလိုက်ပါ။ Password တောင်းပါလိမ့်မယ်။ ကိုယ်ပေးထားခဲ့တဲ့ Password ကို ရိုက်ပြီး Enter ပေးလိုက်ပါ။ ဒါဆို ပြန်ပေါ်လာပါလိမ့်မယ်။

ကဲ.. အားလုံးပဲ စမ်းကြည့်လိုက်ကြပေါ့ခင်ဗျာ..

အားလုံးအတွက် စေတနာထားပြီး တွေ့သမျှ သိသမျှလေးတွေကို ပြန်လည်မျှဝေနေပါမည်... Facebook မှာလဲ Like ပေးခဲ့ပါ

No comments:

Post a Comment